Share to: share facebook share twitter share wa share telegram print page

ဂျီ (အက္ခရာ)

G
G
အခြေခံ လက်တင်အက္ခရာ
Aa Bb Cc Dd    
Ee Ff Gg Hh
Ii Jj Kk Ll Mm Nn
Oo Pp Qq Rr Ss Tt
Uu Vv Ww Xx Yy Zz
NATO ဖိုနက်တစ် မော့စ် သင်္ကေတ
Golf
အသံဖိုင် "ဂျီ (အက္ခရာ) morse code.ogg" ကို မတွေ့ရှိပါ

ဖိုင်:Sign language .svg ⠛
ရေကြောင်းသုံးသင်္ကေတအလံ အလံနှစ်ခုသုံး အချက်ပြသင်္ကေတ ဆွံ့အနားမကြားလက်သင်္ကေတ (AMA သို့မဟုတ် ASL) Braille dots-1245
မျက်မမြင်သင်္ကေတ (UEB)

Gသည် ၇ လုံးမြောက်သော အခြေခံ လက်တင်အက္ခရာတစ်ခုဖြစ်သည်။ G သည် C ၏ မူကွဲ စာလုံးတစ်လုံးဖြစ်ပြီး K သံမှ ကွဲပြားစေရန်အတွက် ရှေးဟောင်းလက်တင်စာပေအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ G အား အင်္ဂလိပ်ဘာသာဖြင့် /ge/; အများကိန်းအတွက် /ges/ ဟူ၍ အသံထွက်သည်။[] ရောမခေတ် ဘီစီ ၂၃၀ ခန့်တွင် ပထမဆုံးသော အခပေးစာသင်ကျောင်း ဖွင့်လှစ်ရန်အတွက် အကျဉ်းသား ဘဝမှ လွတ်မြောက်ပေးခြင်းခံရသူတစ်ဦးဖြစ်သူ Spurius Carvilius Ruga မှ ထိုစာလုံးအား တီထွင်ပေးခဲ့သည်။ ထို့နောက်သူ၏ကျောင်းတွင် ထိုစာလုံးကို သင်ကြားပို့ချပေးခဲ့သည်။

ယခင်က G အား Z နေရာတွင် အစားထိုးခဲ့သည်။ ထို့နောက်G သံသည် K ဖြစ်လာသကဲ့သို့ပင် G သံသည် ပျော့ပြောင်းလာခဲ့သည်။ ထို့ကြောင့် G အသံထွက်သည် အင်္ဂလိပ်ဘာသာမှသည် ရောမဘာသာထိအောင် အသံထွက် အမျိုးမျိုး ရှိလေသည်။ G တွင် ရေးသားနည်း ၂ မျိုး ရှိလေသည်။ အက္ခရာအသေး G တွင် g ကို Double-Story ၍ခေါ်ပြီး နှင့် ɡ ကို Single-Story ဟုခေါ်သော G ဟူ၍ နှစ်မျိုးရှိသည်။ သို့သော် ɡ သည်သာလျှင် နိုင်ငံတကာ အက္ခရာရေးနည်းတွင် အသုံးပြုလေသည်။ Double Story Gတွင် အဝိုင်းနှစ်ခု ဆက်ထားသော g အပေါ်ရှိ အမျှင်ကလေးကို နား(ear) ဟု ခေါ်လေသည်။

အသုံးပြုပုံ

  • ကွန်ပျူတာပိုင်းတွင် G အား ကွန်ပျူတာ သိမ်းဆည်းမှု ပမာဏပြသော အတိုင်းအတာတစ်ခုဖြစ်သည့် Giga ဟူသော စကားစုအား အတိုကောက် အနေဖြင့် G ဟူ၍ ပြသသည်။
  • ယူနီကုဒ်တွင် အက္ခရာကြီး G အား ယူနီကုဒ် အမှတ်U+0047 အဖြစ်သုံးပြီး အက္ခရာသေး g အား U+0067 အဖြစ် သတ်မှတ် အသုံးပြုသည်။
  • အမေရိကန် လုပ်ရှားမှုဓာတ်ပုံ အဖွဲ့အစည်းမှပေးသော G အဆင့်သည် ရုပ်ရှင်ကို ပရိတ်အား ပြသရန် ကောင်းသည်ဟူသော အဓိပ္ပာယ် ဖြစ်သည်။
  • ဂီတတွင် G သည် Sol ဟူသော ဂီတ သင်္ကေတ တစ်ခုဖြစ်သည်။
  • ဗီယက်နမ်ဘာသာတွင် G သည် ၁၀ လုံးမြောက်သော ဗီယက်နမ် အက္ခရာတစ်ခု ဖြစ်သည်။
  • ထို့အပြင် အရောင်ပိုင်းဆိုင်ရာတွင်လည်း RGB ဟူ၍ ရှိပြီး G သည် အစိမ်းရောင် Green ကို ကိုယ်စားပြုသော အက္ခရာ ဖြစ်သည်။
နှစ်မျိုးရေးသားသော G အက္ခရာသေး ပုံများ


ကိုးကား

  1. The American Heritage Dictionary of the English Language. 1976.
Kembali kehalaman sebelumnya